ညောင်ဦး မေ ၂၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းများအား တာဝန် ပေးအပ်သည့် အခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့ခင်း ၂ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးလွင်မှ အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီအတွင်းရေးမှူးမှ ဆွေးနွေးတင်ပြသည်။ ပြီးနောက် ညောင်ဦးခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား ညောင်ဦးခရိုင် ရဲတပ်ဖွဲ့လုပ်ငန်း၊ ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ မြန်မာ့မီးရထားဌာန၊ အကျဉ်း ဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ညွှန်ကြားမှုဦးစီးဌာန၊ ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ယွန်းကောလိပ်)၊ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း၊ အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ လမ်းဦးစီးဌာနတို့အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား တာဝန်ပေးအပ်ကာ ညောင်ဦးခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးလွင်မှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဒီပါလင်း