ကျောက်ဆည်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးသွားသည့် အိမ်ထောင်စု(၃)စုအား ထောက်ပံ့ငွေများ ပေးအပ်

ကျောက်ဆည် မေ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးသွားသည့် အိမ်ထောင်စု(၃)စုအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် မေ(၂၅)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်စိတ် တစ်ပိုင်းပျက်စီးသွားသည့် ဖျောက်ဆိပ်ပင်ကျေးရွာမှ ဦးသံလုံး၏(၃)ပင်(၂)ခန်း သွပ်မိုး၊ ထရံကာ လူနေအိမ် (၁)လုံး၊ ဦးအောင်မြင့်၏ (၃)ပင်(၂)ခန်းသွပ်မိုး၊ ထရံကာ လူနေအိမ်(၁)လုံး၊ ဦးနိုင်လင်း၏ (၃)ပင်(၂)ခန်း သွပ်မိုး၊ ထရံကာ လူနေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဝယ်ယူရန် ထောက်ပံ့ငွေ (၁၅၀,၀၀၀) ကျပ်၊ လူဦးရေ(၁၁)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာထောက်ပံ့ငွေ (၂၃,၁၀၀)ကျပ် စုစုပေါင်း(၁၇၃,၁၀၀)ကျပ်အား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဖြူသီနှင့် တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

သက်မောင်