ဇေယျာသီရိခရိုင်၊ ဥတ္တရခရိုင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ

နေပြည်တော် မေ ၂၆

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နှစ်စဉ်စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဇေယျာသီရိခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်ဝင်းထူးမှ အဖွင့်အမှာစကားပြောကြားပြီး ဥတ္တရခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်းက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်ဝေဝေသန်းက  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ စီမံကိန်းတာဝန်ပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ဇေယျာသီရိခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးဟန်ဝင်းထူးမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။အောင်မျိုးဝင်း(ပြန်/ဆက်)