ကျောက်တန်း မေ ၂၆
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျောက်တန်းမြို့နယ်၊ ဘန့်ဘွေးကုန်းရေလှောင်တမံကြိုးဝိုင်း၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ သန်လျင်ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ သတ်မှတ်နေရာအသီးသီးတွင်သစ်ပင်များစိုက်ပျိုးပေးကြသည်။
သန်လျင်ခရိုင်၊ သစ်တောဦးစီးဌာနအနေဖြင့် ဘန့်ဘွေးကုန်းရေလှောင်တမံကြိုးဝိုင်းအတွင်းရေဝေရေလဲဧရိယာတည်တံရေး၊ ပတ်ဝန်းကျင်စိုပြေလှပပြီး ရာသီဥတုပြောင်းလဲမှု ဒဏ်ကာကွယ်နိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရှင်သန်ဖြစ်ထွန်းရေး၊ သစ်တောသစ်ပင်များ စိုက်ပျိုးပြုပြင်ထိန်းသိမ်းခြင်းကို ဒေသခံပြည်သူများနှင့်ပူပေါင်းပြီး၊ ပိတောက်၊ ပျဥ်းကတိုး၊ ပျဥ်းမ၊ စိန်ပန်း၊ မန်ဂျန်ရှား စုစုပေါင်း ပျိုးပင်ပေါင်း(၁၀၀၀)စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။
ကျောက်တန်း(ပြန်/ဆက်)