ပန်းတောင်း မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ချေးရာတွင် ပန်းတောင်းမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၈ ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မိုးစပါးစိုက်ပျိုးစရိတ်ထုတ်ချေးရန် ရပ်သာအုပ်စုရှိတောင်သူ(၁၇၉)ဦးအား ဧက(၇၄၄)၊ ချေးငွေ(၁၁၁၆)သိန်းထုတ်ချေးခဲ့ပါသည်။ ထုတ်ချေးပြီးငွေအုပ်စု(၂)အုပ်စုရှိ ဧက(၁၂၅၉)၊ တောင်သူ(၂၈၅)ဦး၊ ချေးငွေ(၁၈၈၈.၅)သိန်း ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲအနေဖြင့် ၂၀၂၃ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ဧက(၃၅၅၀၀)အတွက် ချေးငွေ (၅၃၂၅၀)သိန်းထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)