တောင်ကုတ် မေ ၂၆
အခြေခံပညာ Grade-12 (သင်ရိုးသစ်)ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်ကုတ်တက္ကသိုလ် ဘက်စုံသုံးခန်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်တို့က အမှာစကားပြောကြားပြီးနောက် ခရိုင်ပညာရေးမှူး ဒေါ်တင်တင်ဦးက အခြေခံပညာ Grade-12 (သင်ရိုးသစ်)ဆင့်ပွားသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းကို မေလ ၁၆ ရက်နေ့မှ ၂၅ ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်၊ အမ်းခရိုင်နှင့် တောင်ကုတ်ခရိုင်တို့မှ ဆရာ၊ ဆရာမ ၁၀၀၉ ဦးတက်ရောက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင်ထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်