သံဖြူဇရပ်မြို့နယ် ရသေ့တောင်ကျေးရွာ၌ လေဘေးသင့် အိမ်ထောင်စု(၂၂)စုအား ကယ် ဆယ်ရေးသုံးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်

သံဖြူဇရပ် မေ ၂၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ အုပ်စုရသေ့တောင် ကျေးရွာ၌ မေ ၂၄ ရက် နံနက် ၃ နာရီခွဲအချိန်၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့်ငွေများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က စက်စဲကျေးရွာအုပ်စုရသေ့တောင်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန၌ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ရာတွင် လေဆင်နှာမောင်းတိုက်ခတ်ခြင်းကြောင်း ပြိုကျပျက်စီး သွားသည့် နေအိမ်(၃)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းအပါအဝင် အဆောက်အဦ(၁၉)လုံး၊ စုစုပေါင်း အဆောက်အဦ(၂၂)လုံးမှ အိမ်ထောင်စု(၂၁) စုတို့အား  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် (၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ်(၇၄၂၂၀၀)ကျပ်နှင့် ပျက်စီးခဲ့သည့် နေအိမ်(၃) လုံးမှ အိမ်ထောင်စု(၃)စုအား တန်ဖိုးငွေကျပ် (၂၀၀၆၈၁)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ စုစုပေါင်း ထောက်ပံ့မှု တန်ဖိုးငွေကျပ်(၉၄၂၈၈၁) အား သံဖြူဇရပ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ​မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်​ရေးမှူးနှင့်အတူ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာ၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)