ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးတွင် ပြည်သူများပလတ်စတစ် ညစ်ညမ်းမှုဆိုးကျိုးများအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ဆည်   မေ   ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူများ ပလတ်စတစ်ညစ်ညမ်းမှုဆိုးကျိုးများအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိန်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် နံနက်(၉)နာရီခွဲက အေးမြကြည်လင်ဈေးနှင့်၊ မြို့မဈေးတို့တွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

အသိပညာပေးလက်ကမ်းစာစောင်တွင် ပလတ်စတစ်စတင်ဖြစ်ပေါ်လာပုံများ၊ ပလတ်စတစ်၏ ဂုဏ်သတ္တိများ၊ ပလတ်စတစ်ညစ်ညမ်းမှု၏ ဆိုးကျိုးများအကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုများအား ဖြေရှင်းရန်နည်းလမ်းများ၊ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု စသည့်အကြောင်းများပါရှိပြီး ပလတ်စတစ်ညစ်ညမ်းမှုဆိုးကျိုးများအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများလက်ဝယ်အရောက် အသိပညာပေးလက်ကမ်းစာစောင်(၂၀၀)စောင်အား အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)