မက်မန်း မေ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာရေးအသိပညာ (Talk Show) ရိုက်ကူးခြင်းကို မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်းနေ့ မွန်းလွဲပိုင်းအချိန်က ရိုက်ကူးခဲ့သည်။
ထိုသို့ ရိုက်ကူးရာတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချိုးက လူကုန်ကူးမှုအဓိပ္ပာယ်၊ လူကုန်ကူးမှု ဖြစ်စေတတ်သည့် အကြောင်းတရားများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူကုန်ကူးမှုပြဿနာများ၊ လူကုန်ကူးမှုအမျိုးမျိုးအကြောင်း၊ လူကုန်ကူးမှုနှင့် ပတ်သတ်သော ပြစ်ဒဏ်များ၊ လူကုန်ကူးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်မည့်ပုံစံများ၊ လူကုန်ကူးခံရပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကို ဆွေးနွေးခဲ့သည်။
ထို့နောက် ဒေါ်အေးဝင်းခိုင် (ဦးစီးအရာရှိ)က ရွှေ့ပြောင်းလုပ်ကိုင်သည့် အလုပ်သမားများအနေဖြင့် တရားဝင်လမ်းကြောင်းများမှ ပြောင်းရွှေ့ လုပ်ကိုင်ခြင်းဖြင့် လူကုန်ကူးမှုအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ခြင်း၊ တရားဝင်သွားရောက်ခြင်းဖြင့် ရရှိနိုင်သော ကောင်းကျိုးများကို ဆွေးနွေးခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show) အား မက်မန်းခရိုင် ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Page တို့တွင် လွှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)