နောင်ချို မေ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ရှိ Kid မူလတန်းကြိုကျောင်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ မူလတန်းကြိုကျောင်းတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မိဘများကိုယ်စား ကျောင်းသားမိဘတစ်ဦးက ကျောင်းသင်ကြားမှုအပိုင်းနှင့် စည်းကမ်းပိုင်းများတွင် အားနည်းချက်၊ အားသာချက်များကို ပြောကြားခဲ့ပြီးနောက် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကာ၊ မူလတန်းကြို ကျောင်းသား၊ ကျောင်းသူများ အားလုံးကို ကျောင်းဆင်းဘွဲ့ လက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြကြောင်းနှင့် ဆုပေးပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)