တန့်ယန်း မေ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်ပေါ်တွင် တည်ထားလျက်ရှိသည့် ဉာဏ်တော် ၁၀၈ ပေရှိ အောင်တော်မူ စေတီတော်မြတ်ကြီး၏ အထက်ပစ္စယံ၌ ကိုးတောင်ပြည့်အရံစေတီ (၈)ဆူအား ဌာပနာတော်သွင်းပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ ဌာပနာတော်သွင်း ပူဇော်ပွဲတွင် စေတီတော်တည်ဆောက်ရေးကော်မတီ သြဝါဒါဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလအား အမှူးထား၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် အကြီးအကဲများ၊ ဘုရားဒါယိကာ ဒါယိကာမများ၊ စေတနာရှင်အလှူရှင်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ဘုရားဒါယိကာ ဒါယိကာမများက အရံစေတီတော်များအား ဌာပနာသွင်းပူဇော်ပွဲခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)