ဝမ်းတွင်း မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် စာသင်ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် မေလ(၂၅)ရက်နေ့(၁၈:၃၀)အချိန် မိုးသက်လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ကြောင့် မြို့နယ်၏ အရှေ့မြောက်ဘက်အခြမ်းရှိ ကျေးရွားများဖြစ်သည့် ထန်းပင်ကုန်းကျေးရွာအုပ်စု ထန်းပင်ကုန်းကျေးရွာနှင့် ကင်းရွာ၊ ညောင်ပင်ကျေးရွာအုပ်စု ညောင်ပင်ကျေးရွာနှင့် ခြင်္သလက်ကျေးရွာ၊ ဆင်ချီတိုင်ကျေးရွာအုပ်စု ဆားတောင်ကုန်းကျေးရွာ၊ ကိုင်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၊ တောင်ကိုင်းကျေးရွာနှင့် ပြည့်စုံကုန်းကျေးရွာတို့တွင် လူနေအိမ်များ အမိုးလန်ပျက်စီးခြင်း၊ စာသင်ကျောင်းဆောင်များ အမိုးလန်ခြင်းများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၄)အုပ်စုရှိ လူနေအိမ်(၉၂)လုံးနှင့် ပညာရေးအဆောက်အဦ (၇)ခု အမိုးလန်ပျက်ဆီးခြင်းများဖြစ်ပေါ်ခဲ့ပြီး လေးပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့သည့်ကျေးရွာများသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ ကွင်းဆင်းကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်