ဘိုကလေးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်အတူ စာအုပ်ပြပွဲဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နေ့လယ်(၂)နာရီအချိန်တွင် ဘိုကလေးမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ အရောက်သွားကာ ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်အတူ စာအုပ်ပြပွဲ ကျင်းပဆောင်ရွက်သည်။