ကော့မှူး၌ စာ‌ပေချစ်မြတ်နိုးသူများနှင့် Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာ‌ပေချစ်မြတ်နိုးသူများနှင့် Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မီးသတ်ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသော အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မီးသတ်ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသော အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် ဥတ္တရခရိုင် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မူဆယ်မြို့နယ်အတွင်းရှိ အစိုးရအခြေခံပညာရေးကျောင်းများ  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်စတင်လက်ခံလျက်ရှိ

၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အစိုးရအခြေခံပညာရေးကျောင်းများကို တစ်နိုင်ငံလုံးကျောင်းအပ်နှံရေး နေ့သီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှ မေလ(၃၁) ရက်နေ့အထိ သတ်မှတ်ခဲ့ပြီး  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ အစိုးရအခြေခံပညာရေးကျောင်းများက ယမန်နေ့ နံနက် (၈း၃၀)အချိန်တွင် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်လျက်ရှိပါသည်။

နွေရာသီကျောင်းပိတ်ရက် ကျောင်းသား/သူလေးများအား ပုံပြင်ပြောပြိုင်ပွဲပြုလုပ်ပေး

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား ကျောင်းသူလေးများ နွေရာသီကျောင်းပိတ်ရက်တွင် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်း၀င်မှုရရှိလာစေရန်၊ စာပေပိုမိုဖတ်ရှုလာစေရန်၊ စာဖတ်သည့်အလေ့အထ ကောင်းများရရှိလာစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်း များရရှိ‌စေရန်အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲဖြစ်သည့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့အထိ ကျောင်းသားဦးရေ တစ်သောင်းကျော် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးပြီးဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ မေလ(၂၃)ရက်နေ့ကစပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို  ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူဦးရေ တစ်သောင်းကျော် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ လာရောက်အပ်နှံ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းသား မိဘများက ကျောင်းသား၊ ကျောင်းသူများအား လာရောက်အပ်နှံလျက်ရှိသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများအတွက် ယဉ်ကျေးလိမ္မာသင်ခန်းစာ စာအုပ်များပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပနိုင်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအတွက် ယဉ်ကျေးလိမ္မာသင်ခန်းစာ စာအုပ်များပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပနိုင်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်းပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

တာလေမြို့၊ ပန်ချီဟတ်ကျေးရွာနေ ပြည်သူများအား တပ်မတော်ဆေးတပ်ရင်း(၁/၁၀၀)မိုင်းဖြတ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့က ဆေးကုသမှုများလာရောက်ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ပန်ချီဟတ် ကျေးရွာနေပြည်သူများအား တပ်မတော်ဆေးတပ်ရင်း(၁/၁၀၀)မိုင်းဖြတ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့က ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ ခန်းမဆောင်၌ ဆေးကုသမှုများ လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် မျက်ကပ်မှန်များ၊ ဖြည့်စွက်စာအမျိုးမျိုးနှင့် တိုင်းရင်းဆေးအမျိုးမျိုး ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်စာသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ သုံးခွမြို့နယ်အတွင်းရှိ မျက်မှန်ဆိုင်များတွင် တားမြစ်ထားသည့်မျက်ကပ်မှန်များအပါအ၀င် ဆေးဆိုင်များရှိ ကုန်အညွှန်းအမှတ် အသားမပါရှိသည့် ဖြည့်စွက်စာအမျိုးမျိုးနှင့် တိုင်းရင်းဆေးအမျိုးမျိုး ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိကို ယမန့်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to