ပေါက်ခေါင်းမြို့၌ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ဗုဒ္ဓဘာသာ အခြေခံယဉ်ကျေးလိမ္မာသင်တန်းကို အ.ထ.က(ပေါက်ခေါင်း) စာသင်ခန်းမတွင် မေလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ရာ အဆိုပါသင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးရန်အတွက် တောင်သူများအား ချေးငွေများ ဆက်လက်ထုတ်ချေးပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအား ၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်ရေး ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်ထည်ဖော်ဆောင်ရွက်မည့် နွေစပါးသီးနှံ (၇၇၁၂) ဧကအတွက် တန်ဖိုးငွေကျပ် သိန်း(၁၅၄၂၄)အား သွင်းအားစုကုမ္ပဏီသို့  Cheque ဖြင့် လွှဲ‌ပြောင်း ပေးအပ်ပွဲ အခမ်းအနား မုံရွာမြို့တွင် ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးပြီး  နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် အကောင်ထည်ဖော်ဆောင်ရွက်မည့် နွေစပါးသီးနှံ (၇၇၁၂) ဧက အတွက် တန်ဖိုးငွေကျပ် သိန်း(၁၅၄၂၄)အား သွင်းအားစုကုမ္ပဏီသို့  Cheque ဖြင့် လွှဲ‌ပြောင်း ပေးအပ်ပွဲ  အခမ်းအနားကို ယမန်နေ့  နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး လုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ၊ အာမိုကုမ္ပဏီ (သွင်းအားစု အစုအဖွဲ့)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။  

မြင်းခြံမြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ အချိန်က မြင်းခြံမြို့ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း စပယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

သိန္နီမြို့၌ မိုးစပါးနှင့် ပြောင်း စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်ရှိ စိုက်ပျိုးရေးတောင်သူများ မိုးစပါးနှင့် ပြောင်း စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် အဆင်ပြေစေရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီ ချေးငွေများ ထုတ်ချေးပေးခြင်းကို မြို့တော်ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ဘားအံမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ မြို့နယ်အဆင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၃:၃၀) နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

မွန်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းနှင့် ရာမည FC အသက်(၁၅) နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတက်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ နှင့် FIFA MFF U15 LEAGUE 2023 သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းနှင့် ရာမည FC အသက်(၁၅) နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားကို

မရမ်းကုန်မြို့နယ်၌ ၃၈ ဖြာမင်္ဂလာ ရေးဖြေစာမေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ၃၈ ဖြာမင်္ဂလာ ရေးဖြေစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကွမ်းလုံမြို့၌ မိဘပြည်သူများ အသိပညာဗဟုသုတ ကြွယ်ဝစွာရရှိရေးအတွက် Mobile စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မိဘပြည်သူများ အသိပညာဗဟုသုတကြွယ်ဝစွာရရှိရေးအတွက် Mobile စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to