ရသေ့တောင် အောက်တိုဘာ ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နေ့လယ်(၁)နာရီအချိန် က ဓါတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများကိုကျင်းပပြသခဲ့ကြောင်းသိရသည်။
၂၀၂၂ ခုနှစ်၊ နိုဘင်ဘာလ(၁၇)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန Community Centre ခန်းမ၌ ကျောင်းသူ/ ကျောင်းသားများနှင့် ရပ်ကွက်နေပြည်သူများအား စာအုပ်စာစောင်များ၊ မဂ္ဂဇင်းများ၊ အသိပညာဗဟုသု ရရှိမည့်စာအုပ်များ၊ မြန်မာနိုင်ငံသမိုင်းနှင့်သက်ဆိုင်သောစာအုပ်များ၊ အမျိုးသားအောင်ပွဲနေ့သိကောင်းစာအုပ်များစသည့် စာအုပ်များနှင့်ဓါတ်ပုံများကို ခင်းကျင်းပြသ လျက်ရှိသည်။
အဆိုပါစာအုပ်ပြပွဲနှင့်ဓါတ်ပုံပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးက စာဖတ်ပရိတ်သတ်ပြည်သူများအား အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေကောင်းများဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရေးအတွက် ရည်ရွယ်ပြီးကျင်းပရသည်ဖြစ်ကြောင်း သိရှိရပါသည်။၊
ထွန်းလင်းကျော် ( ပြန်/ဆက်)