လူငယ်များစာဖတ်ရှိန်မြင့်မားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မြောင်းမြ  အောက်တိုဘာ   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် နိုင်ငံတော်မှ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်လျက်ရှိရာတွင် ကျောင်းသား/ကျောင်းသူ လူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘက်စုံထူးချွန်စေရန်ရည်ရွယ်၍ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြောင်းမြမြို့၊ အ.ထ.က(၄)ကျောင်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင် အ.ထ.က(၄) ကျောင်းအုပ်ဆရာမကြီး ဒေါ်မွှေးမွှေးလေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်နှင့်ရည်မှန်းချက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အား/ကာမှူး ဦးစိုင်းဝေလင်းနောင်က  လူငယ်နှင့် ဗလငါးတန် ဖွံဖြိုးတိုးတက်ရေး ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်အား/ကာမှူး ဦးစိုင်းဝေလင်းနောင်က အားကစားပစ္စည်းများအား အ.ထ.က(၄)ကျောင်းသို့ ထောက်ပံ့ပေးအပ်ခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ် စာစောင်များပြသခြင်း၊ စာအုပ်ပြပွဲပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲသို့  အ.ထ.က(၄)ကျောင်းမှ ကျောင်းသား/ ကျောင်းသူလူငယ်များ (၂၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)