အမ်း အောက်တိုဘာ ၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားများပပျောက်ရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင်မြို့နယ် ဦးစီးအရာရှိ ဦးစန်းဝင်းက ကလေးအလုပ်သမားဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားများ အရေအတွက်နှင့် ကလေးအလုပ်သမားများတွေ့ရှိနိုင်သည့်အခြေအနေများ၊ ကလေးအလုပ် သမား၏အသက်အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဥပဒေရေးရာနှင့် ပတ်သတ်ပြီး ဆောင်ရွက်ပေးနေမှုများ၊ ကလေးသူငယ်များကို အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ ကလေးအလုပ်သမားများအား ခိုင်းစေလျှင် ဥပဒေအရ ပြစ်မှု ပြစ်ဒဏ်များ ကလေးသူငယ်များအား ခိုင်းစေခြင်းအတွက် တားမြစ်ချက်များ၊ မြန်မာနိုင်ငံအတွင်း ကလေးအလုပ်သမားနှင့် ပတ်သတ်ပြီး အကာအ ကွယ် ပေးထားတဲ့ ဥပဒေများ၊ ကလေးသူငယ်များအပေါ် ခွဲခြားဆက်ဆံမှုပပျောက်စေရေး ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်များ စသည့် အကြောင်းအရာများကို ဆွေနွေးဟောပြောခဲ့သည်။
ဆက်လက်ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာဗဟုတများ ရရှိစေရန်အတွက်် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်အား အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်လေ့လာဖတ်ရှုနိုင်ရေး နံရံကပ်စာစောင်အားပြသဆောင် ရွက်ထားရှိရာ လူငယ်များက စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
စိုးမင်းထွန်း