၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုများကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ကြည့်ရှုအားပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်း၌ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃ ခုနှစ် မေ ၂၃ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံလျက်ရှိရာ မေလ ၂၅ ရက်နေ့ နံနက် (၁၀)နာရီအချိန် လားရှိုးမြို့၊ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းအပ်နှံမှုကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျနေသည့် သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမိုးလန်ပျက်စီးသွားသည့် ကျောင်းများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျနေသည့် သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမိုးလန်ပျက်စီးသွားသည့် စာသင်ကျောင်းများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ခုတ်ထွင်ရှင်းလင်းမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ရေတာရှည်မြို့နယ်တွင် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူ

ပဲခူးတိုင်း​ဒေသကြီး​၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ် အသိ​ပေးမြေစိုက်ပိုစတာ ဆိုင်းဘုတ်ဖြစ်သည့် ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်မြေစိုက်ပိုစတာအား ယနေ့နံနက် (၁၀း၀၀)နာရီအချိန်က အသွားအလာများသည့် လူစည်ကားရာ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ ခြေခံပညာအထက်တန်းကျောင်း (ရေတာရှည်)ရှေ့၌ စိုက်ထူ၍ ဖဲကြိုးဖြတ်ဖွင့်လှစ်​ပေးခဲ့သည်။

ညောင်လေးပင်မြို့နယ်တွင် လေဘေးသင့်ပြည်သူများအားထောက်ပံ့

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် လေဘေးသင့်ခဲ့သော ပြည်သူများ အတွက် ထောက်ပံ့ပေးခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကဗျာရေးသားနည်း သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မေလ ၂၄ ရက်နေ့ ညနေ ၃ နာရီက ကဗျာရေးသားနည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုခရိုင်ရုံး (Community Centre) ခန်းမတွင်အ​ခြေခံစက်ချုပ် (အခမဲ့) သင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီးအစိုးရအဖွဲ့တိုင်း​ဒေသကြီးက​လေးအလုပ်သမားပ​ပျောက်​ရေး ကော်မတီ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး​ပေး​ရေးလုပ်ငန်း​ကော်မတီက ဦး​ဆောင်ဖွင့်လှစ်သည့် အခြေခံစက်ချုပ် (အခမဲ့) သင်တန်းအမှတ်စဥ်(၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယ​နေ့နံနက် ၁၀ နာရီချိန်က ​ကျင်းပပြုလုပ်ရာခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဌဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနခရိုင်မှူး​​နှင့်ဝန်ထမ်းများ၊သင်တန်းသူများတက်​ရောက်ခဲ့​ကြောင်းသိရသည်။

မအူပင်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးအခမ်းအနားကို မေ ၂၅ ရက် နံနက် ၁၀ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမတွင် ကျင်းပသည်။

ဖျာပုံမြို့ နယ်တွင်ပန်းခင်းစီမံချက် (၂) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်​သမိန်ထောသိမ်ကုန်းကျေးရွာတွင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ၊ပြည်သူများအားလူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က သမိန်ထောသိမ်ကုန်းကျေးရွာ၊အုပ်ချုပ်ရေးမှူးရုံးတွင်ပြုလုပ်ပေးခဲ့သည်။

ပင်လုံမြို့ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ယမန်နေ့မှစတင်၍ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ် လက်ခံလျက်ရှိသည်။

ကမာရွတ်မြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ကျောင်းများတွင် ​သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်​ရေးလုပ်ငန်းများ​ဆောင်ရွက်

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့​နံနက်ပိုင်းက ကမာရွတ်မြို့နယ်၊ အ-မ-က(၁၄)ကျောင်းဝင်း၊ အ-ထ-က(၅)​ကျောင်းဝင်း၊ အ-မ-က(၈)ကျောင်းဝင်းသန့်ရှင်းသာယာသပ်ရပ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ဝင်များမှ ကျောင်းဝင်းအတွင်းရှိအမှိုက်များ၊​ပေါင်းမြက်ခြံများရှင်းလင်းခြင်း၊ ရေမြောင်းရှင်းလင်းဆောင်ရွက်ခြင်းတို့ကို​ ဆောင်ရွက်ပေးခဲ့ပါသည်၊၊   
Subscribe to