ရေစကြိုမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာရောင်းချပေး
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စိတ္တသုခရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် လွတ်လပ်ရေး ပန်းခြံဝန်း အတွင်း၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရေစကြိုမြို့နယ်၊ သက်သာချောင်ချိရေးအဖွဲ့မှ အခြေခံစားသောက်ကုန်များ ဒေသခံပြည်သူများအား အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်မှ ၁၁ နာရီအချိန်ထိ သက်သာသောနှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိသည်။