သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ သုတဉာဏ်စမ်းပြိုင်ပွဲပြုလုပ်၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များပြသ

သာစည် အောက်တိုဘာ ၂၂

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန် သုတဉာဏ်စမ်းပြိုင်ပွဲပြုလုပ်ပြီး သုတရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ   သုတဉာဏ်စမ်းပြိုင်ပွဲကို  ပြုလုပ်ရာ သာစည်မြို့ အမှတ်(၂)ရပ်ကွက်  အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မီးရထား Grade 7 မှ ကျောင်းသား/သူ ၂၄ ဦးတို့ ဝင်ရောက် ဖြေဆိုကြပြီး သုတဉာဏ်စမ်းမေခွန်း ၂၀ အား ဖြေဆိုစေကာ  အဖြေမှန်အများဆုံး ဖြေဆိုနိုင်သူ  ကျောင်းသူတစ်ဦးအား  ဆုချီးမြှင့်ပေးသည်။ ထို့နောက်ခင်းကျင်းပြသထားသော သုတရသစာအုပ်များနှင့် အသိပညာပေး နံရံကပ် စာစောင်တို့ကို ကျောင်းသား/သူများက ကြည့်ရှုလေ့လာ ကြသည်။

အဆိုပါ ပြိုင်ပွဲနှင့်ပြပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းနှင့်ဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။       

မြို့နယ်ပြန်/ဆက်