ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒွရွာကျေးရွာရေရရှိသုံးစွဲမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြင့်မိုရ်ထိပ်ထားကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့သည့် သောက်သုံးရေအတွက် တွင်းနက်တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်ကျေးရွာနေပြည်သူများ လက်ရှိရေသုံးစွဲနေမှု အခြေအနေများကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။