ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်(ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ် အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးမြို့နယ်အဆင့်(ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်း(၁)နာရီကဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ကလေးမြို့တွင် အကြိမ်(၃၀)မြောက် စုပေါင်းမဟာဘုံကထိန်နှင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ ဈေးသူ/ဈေးသားများ၊ မြို့ပေါ်ရပ်ကွက်ပြည်သူများမှ သံဃာတော်များအား ပင့်ဖိတ်၍ အကြိမ်(၃၀)မြောက် စုပေါင်းမဟာဘုံကထိန်နှင့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေဘုံသာဘုရားကြီးဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယမန်နေ့ နံက်ပိုင်းကအ.လ.က ငါးဆယ်ပေကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သနပ်ပင်မြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများသို့ မျိုးစေ့နှင့်ဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများသို့ မျိုးစေ့နှင့်ဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ (၇၃)ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ နယ်မြေခံစာရေးဆရာများ၊ Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များစုပေါင်း၍ (၇၃)ကြိမ်မြောက် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အဆိုပါခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to