၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းကဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသားအသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံမြို့၌ လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းရေးသွင်းနည်းသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းရေးသွင်းနည်းသင်တန်းကို ယမန့်နေ့နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ထန်းတပင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင် နှစ်အ​ခြေခံပညာ ထက်၊ လယ်၊ မူ၊ ကျောင်းများ ​ကျောင်းအပ်နှံ​ရေးအခမ်းအနားကျင်းပ

​“ကျောင်း​နေအရွယ်က​လေးအားလုံး ပညာရေးမဝေးဖို့ ​ကျောင်းအမြန်အပ်နှံကြပါစို့” ​ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာဦးစီးဌာနက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ​ခြေခံပညာ ထက်၊ လယ်၊ မူ၊ ကိုယ်ပိုင်၊ ကျောင်းများ ​ကျောင်းအပ်နှံ​ရေးအခမ်းအနားအား ယနေ့နံနက်(၉)နာရီအချိန်က ​ခြေခံပညာ အထက်တန်း​ကျောင်းပင်လုံခန်းမ၌ ကျင်းပခဲ့သည်။

ဝမ်းတွင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံနေမှုများအား ဆက်လက်ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံခြင်းများ လက်ခံဆောင်ရွက် ပေးခြင်းများကို မေလ(၂၃)ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူများအား သစ်ပင်ပျိုးပင် အခမဲ့ဖြန့်ဝေပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ၌ မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် အရိပ်ရပင်နှင့် နှစ်ရှည်သစ်ပင်များအား ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့၌ နွေရာသီ အခြေခံကွန်ပျူတာသင်တန်း သင်ကြားတတ်မြောက်မှု စစ်ဆေးခြင်းပြိုင်ပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreတွင် နွေရာသီ ကျောင်းပိတ်ရက် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကွန်ပျူတာနည်းပညာများကို သင်ယူလေ့လာနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ကွန်ပျူတာ တက္ကသိုလ်(ဘားအံ)တို့ ပူးပေါင်း၍ နွေရာသီအခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၃)ကို မေလ(၄)ရက်နေ့မှ စတင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီက သင်ခန်းစာတတ်မြောက်မှု ဆန်းစစ်ခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် (၁၅၇၁၉)ဦး လာရောက်အပ်နှံပြီးဖြစ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ မေ ၂၅ ရက်နေ့အထိ ကျောင်းသား/သူ (၁၅၇၁၉)ဦး လာရောက် ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ရွှေညောင်ပင် ပရိယတ္တိစာသင်တိုက်၌ သံဃာသစ်လွင် ကြိုဆိုပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာ ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက်၏ ၁၃၈၅ ခုနှစ် သံဃာသစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေပြီး သီးနှံများ အထွက်နှုန်း တိုးတက်စေရေး သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ကွီးလေးကျေးရွာအုပ်စုရှိ တောင်သူဦးအောင်သန်းပိုင် လယ်မြေ (၃)ဧကတွင် တောင်သူများ မိုးသီးနှံပန်းတိုင် အထွက်နှုန်း ရရှိစေရေးနှင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေပြီး သီးနှံများ အထွက်နှုန်း တိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီ အချိန်တွင် သစ်စိမ်း မြေဩဇာ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွမ်းလုံမြို့၌ ရာသီပေါ် လိုက်ချီးသီးများ တစ်ပိဿာကျပ်တစ်သောင်းထိ ဈေးကောင်းရရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ရာသီပေါ် လိုက်ချီးသီးများ ရောင်းချမှုတွင် ဈေးကောင်းရရှိသဖြင့် ဒေသခံတောင်သူများအနေဖြင့် ဝင်ငွေတစ်ဖက်တစ်လမ်းမှရရှိလျက်ရှိကြောင်း သိရသည်။
Subscribe to