တွံတေး အောက်တိုဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းရှိ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရေး မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် တွံတေးမြို့နယ် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်မြချိုက အဖွင့်အမှာစကားနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်မြချိုက ပညာရေးကဏ္ဍဘာသာရပ် ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်အေးအေးမော်က စီမံကဏ္ဍ ဘာသာရပ်ဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးများ ကျောင်းကိစ္စရပ်များ စီမံဆောင်ရွက်ရာတွင် ထူးချွန်ထက်မြတ်သော၊ စွမ်းဆောင်ရည်မြင့်မားသော ဆရာကြီး၊ ဆရာမကြီးများ ပေါ်ထွန်းလာစေရန် ဆွေးနွေးပွဲပုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
တွံတေးမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းပေါင်း (၂၁၅) ကျောင်းမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။ အဆိုပါသင်တန်းတွင် ပညာရေးကဏ္ဍ ဘာသာရပ်၊ စီမံကဏ္ဍဘာသာရပ်၊ ဘဏ္ဍာရေးကဏ္ဍဘာသာရပ်များ ဆွေးနွေးမှာကာ အလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
တွံတေးသား