မြောင်းမြ အောက်တိုဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.က(၁)၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် သင်တန်းနည်းပြအဖြစ် မြောင်းမြခရိုင် ပညာရေးမှူး ဦးစသိန်းကျော်၊ မြောင်းမြမြို့နယ် ပညာရေးမှူး ဦးအေးလွင်၊ အိမ်မဲမြို့နယ်ပညာရေးမှူး ဒေါ်ခင်ဝင်း၊ ဝါးခယ်မမြို့နယ်ပညာရေးမှူးဒေါ်သန္တာအောင်တို့က ခေါင်းဆောင်မှုနှင့်ခေါင်းဆောင်မှု၊ ပညာ(၁)၊ ပညာ(၂)၊ ဘဏ္ဍာ၊ စီမံဘာသာရပ်များအား ဆွေးနွေးသင်ကြားပေးမည်ဖြစ်ပြီး မြောင်းမြမြို့နယ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းမှ ကျောင်းအုပ်ကြီးများ စုစုပေါင်း (၃၃၀)ဦး တက်ရောက်ကြောင်း သိရသည်။ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းကာလမှာ (၂)ရက် ကြာမြင့်မည်ဖြစ်ပြီး၊ နံနက်(၉)နာရီမှ ညနေ(၄)နာရီခွဲအထိ ဆွေးနွေးသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)