ပူတာအိုမြို့၌ ကာလတိုသင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အစိုးရ စက်မှုလက်မှုသိပ္ပံ (ပူတာအို)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ပူတာအို)တို့က ဒေသခံ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ကာလတိုသင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ အစိုးရစက်မှု လက်မှုသိပ္ပံ(ပူတာအို)ကျောင်းခန်းမ၌ ကျင်းပသည်။

သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင်မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကျင်းပ

သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျောက်တန်းမြို့နယ်၊ ဘန့်ဘွေးကုန်းရေလှောင်တမံကြိုးဝိုင်း၌ ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးသွားသည့် အိမ်ထောင်စု(၃)စုအား ထောက်ပံ့ငွေများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးသွားသည့် အိမ်ထောင်စု(၃)စုအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ် ရသေ့တောင်ကျေးရွာ၌ လေဘေးသင့် အိမ်ထောင်စု(၂၂)စုအား ကယ် ဆယ်ရေးသုံးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ အုပ်စုရသေ့တောင် ကျေးရွာ၌ မေ ၂၄ ရက် နံနက် ၃ နာရီခွဲအချိန်၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့်ငွေများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က စက်စဲကျေးရွာအုပ်စုရသေ့တောင်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန၌ ပြုလုပ်ကြောင်း သိရသည်။

ဇေယျာသီရိခရိုင်၊ ဥတ္တရခရိုင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နှစ်စဉ်စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပန်း​တောင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ဘောလုံးကွင်းကို သံဇကာ ကာရံမည်

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ‌ကျောက်ဆည်မြို့နယ်တွင် အားကစားကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန ဘောလုံးကွင်းအား သံဇကာ ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်၌ လေဘေးသင့်ပြီး နေအိမ်ပျက်စီးသည့် အိမ်ထောင်စု(၆)စုအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ မေလ(၂၀)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဝေဠုဝန်(မြောက်)ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ လေဘေးသင့်ပြီး နေအိမ်ပျက်စီးသည့် အိမ်ထောင်စု(၆)စုအတွက်    ယမန်နေ့နံနက်(၁၀)နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက   ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက်၍ ထောက်ပံ့ငွေများ  ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။

ပုလောမြို့တွင် မိုးဦးကျကာလ သွေးလွန်ထုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့တွင် မိုးဦးကျကာလ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ပိုးလောက်လန်းပေါက်ပွားမှုမှကာကွယ်နိုင်ရန် မေလ ၂၅ ရက် နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများတွင် အဘိတ် abate ဆေးခပ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုးညိုမြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီကာလတွင် စိုက်ပျိုးနိုင်ရန်ပျိုးပင်ပေါင်း(၅၀၀၀) ပျိုးထောင်ထားရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သစ်တောဦးစီးဌာနရုံးမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်‌ရေးအတွက် မိုးရာသီကာလတွင်စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း(၅၀၀၀) ဖြန့်ဝေစိုက်ပျိုးနိုင်ရန် ပျိုးထောင်ထားရှိကြောင်း​သိရသည်။
Subscribe to