နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့ ဧရိယာအတွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေး သတိပေးဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှေ့ ဧရိယာအတွင်း ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သတိပေးဆောင်ရွက်ထားသည့် ဗီးနိုင်းကပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။

ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ စတုတ္ထအကြိမ် အစည်းဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ စတုတ္ထအကြိမ် အစည်းဝေးကို ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး အစည်းဝေးခန်းမတွင် ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။

ကန့်ဘလူမြို့၌ ဆန်၊ ဆီနှင့် အခြားစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီနှင့် အခြား စားသောက်ကုန်များကို ပြင်ပစျေးနှုန်းများထက်လျှော့ချကာ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ် လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်းလှ အခြေခံပညာ အထက်တန်းကျောင်း   မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆဒုံးမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်ပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ဇွန် (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ (၂၃) ရက်မှ (၃၁)ရက်နေ့အထိ ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ် မီးသတ်ဦးစီးဌာနသို့ မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့်မြို့ပေါ်ရပ်ကွက်များသို့  စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက မီးသတ်ဦးစီးဌာနသို့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ရဟန်းရှင်လူပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်​ရှိရာ ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေဘိုတက္ကသိုလ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံ​ပေး

စစ်ကိုင်းတိုင်းဒေသကြီး​ ရွှေဘိုတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမတွင် ယမန်​​နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်း​တက်​ရောက်​နေသည့် အ​ခြေခံပညာ​ကျောင်းများမှ​ကျောင်းအုပ်ကြီးများ ဆရာ/ဆရာမ များအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို မေလ(၂၆)ရက်နေ့ ၊ နံနက် ၁၀ နာရီအချိန်က ပုသိမ်မြို့၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကံမမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၄/၂၀၂၃) ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးပြုလုပ်နိုင်ရန်နှင့် အပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၄/၂၀၂၃)အား သာသနာဗိမာန်သိမ်တော်ကြီး၌ ယမန်နေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to