သရက်ချောင်းမြို့၊( အ-ထ-က) သရက်ချောင်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း   အောက်တိုဘာ   ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် (အ-ထ-က) သရက်ချောင်း ကျောင်းပညာရတနာခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးလင်းနှင့် ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော ဘေး(၉)ဘေးအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား/ သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်းနှင့် မေးခွန်းများမေးမြန်းခြင်းများ ဆောင်ရွက်ကာ လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှလှထွန်းက ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောဆွေးနွေးပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲ​ရေး ဦးစီးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအန္တာရာယ်အသိပညာပေး လက်ကမ်းစာစောင်များ၊ အသိပညာပေး ဗီနိုင်းများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)