မင်းလှမြို့နယ်၌ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပို့ချ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျင်းပပြုလုပ်သည့် ယဉ်ကျေးလိမ္မာသင်တန်းကို အမှတ် (၃) ရပ်ကွက်၊ အ.မ.က လမ်းမတော်ကျောင်း၌ ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုပူဇော်ဖွင့်လှစ်ခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ဝေငြိမ်းက အမှာစကားပြောကြားသည်။

အ-ထ-က(အင်္ဂပူ)တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အ-ထ-က(အင်္ဂပူ)တွင် ယမန်နေ့ နံနက်ပိုင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များမှ ကြည့်ရှုအားပေးခဲ့သည်။

မိုင်းဆတ်မြို့၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အထက(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/သူများအား ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က လူထုအ​ခြေ​ပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်မြို့နယ်တွင်မွေးကင်းစမှ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ မွေးကင်းစမှ အသက် ၂ နှစ်အောက် အရွယ်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံက် (၁၀)နာရီ အချိန်တွင် နမ့်ဆန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သာပေါင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ မေလ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က သော်ကဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မိုင်းငေါ့မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံမှုများစတင်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံမှုကို မေလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

ကလေးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေး ဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ပါအကြောင်းအရာများဖြင့် ဆွေးနွေးပွဲကို ယ‌နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့ ဧရိယာအတွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေး သတိပေးဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှေ့ ဧရိယာအတွင်း ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သတိပေးဆောင်ရွက်ထားသည့် ဗီးနိုင်းကပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။

ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ စတုတ္ထအကြိမ် အစည်းဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ စတုတ္ထအကြိမ် အစည်းဝေးကို ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး အစည်းဝေးခန်းမတွင် ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
Subscribe to