မြဝတီမြို့၌ လူငယ်ရေးရာနှင့် ပတ်ဝန်းကျင်ရှိ သဘာဝသယံဇာတအရင်းအမြစ်များ ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မြဝတီ အောက်တိုဘာ ၂၁

ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့်  စိတ်ဓာတ်ရေးရာ၊  စာရိတ္တရေးရာ မြင့်မားတိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသုတများ တိုးပွားရရှိစေရေးနှင့် ပတ်ဝန်းကျင်ရှိ သဘာဝသယံဇာတအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်စေလိုသော ရည်ရွယ်ချက်ဖြင့် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ပူးပေါင်း၍  အသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့၊  အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းတို့တွင် ယမန်နေ့နံနက် ၁၀ နာရီက စတင်ဟောပြောပေးကြောင်း သိရသည်။ 

ဟောပြောပွဲတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက လူငယ်တွေအတွက်ပညာရေးသည် အဓိကရည်မှန်းချက်ဖြစ်ကြောင်း၊ ပညာဟု ဆိုရာမှာ စာပေသာမက အသိပညာ၊ အတတ်ပညာများပါ ပါဝင်ကြောင်း လူငယ်ဘဝ ပညာသင်အရွယ်မှစပြီး မိမိဘဝအတွက်ကောင်းမွန် သောရည်မှန်းချက်များ ထားရှိရမည်ဖြစ် ကြောင်းနှင့်  မိုဘိုင်းဖုန်းသုံးစွဲရာတွင် ကောင်းကျိုး၊ ဆိုးကျိုးများ ခွဲခြား သိမြင်စေပြီး မိမိဘဝတွက် အကျိုးရှိမည့်အရာများ ရွေးချယ်အသုံးပြုစေလိုကြောင်း တို့ကိုဦးစွာရှင်းလင်းပေးပြီး ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချစ်ရအောင်က ပတ်ဝန်းကျင်ရှိ သက်ရှိ/ သက်မဲ့သတ္တဝါများ ကာကွယ်စောင့်ရှောက်ရေး၊ ရေထုညစ်ညမ်းမှု မဖြစ်စေရန် လုပ်ဆောင်ရမည့် အချက်များ၊ ပြောင်းလဲနေသော ရာသီဥတုဆိုင်ရာများနှင့် ရေကိုချွေတာသုံးစွဲရေးနှင့် စပ်လျဉ်း၍ သိကောင်းစရာတို့ကို  ရှင်လင်းဟော ပြောပေးခဲ့ကြသည်။

ထို့နောက် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ များအတွက်  အသိပညာဗဟုသုတရရှိစေမည့်  သုတ/ရသ စာအုပ်စာစောင်များ၊  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတိပြုရမည့်အချက်များ၊   ကလေးအလုပ်သမား ပပျောက်ရေး  အသိပညာပေး အကြောင်းအရာများနှင့်  ရေသယံဇာတ စနစ်တကျထိန်းသိမ်းရေး အသိပညာပေး နံရံကပ် စာစောင်များကို    ခင်းကျင်းပြသပေးခဲ့​ကြောင်း သိရသည်။

ရိုင်(ပြန်/ဆက်)