ဘားအံ မေ ၂၆
ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်နေ့မှစတင်ပြီး စတင်ကျောင်းအပ်လက်ခံနေပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ လာရောက်အပ်နှံမှုအခြေအနေများကို ကျွန်မတို့သတင်းအဖွဲ့မှ ကရင်ပြည်နယ် အခြေခံပညာဦးစီးဌာနမှ ပြည်နယ်ပညာရေးမှူးအား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုပါသည်။
မေး-မင်္ဂလာပါဆရာမကြီး၊ ယခုနှစ်ပညာသင်နှစ်မှာ သင်ရိုးဟောင်းမရှိတော့ဘဲ၊ သင်ရိုးသစ်တွေ အကုန် ဖြစ်သွားပြီဆိုတော့ ကျောင်းအပ်ရမယ့်ပုံစံလေးနဲ့ ဆရာ၊ ဆရာမတွေကို သင်ရိုးသစ်တွေနဲ့ပတ်သက်ပြီး လေ့ကျင့်သင်ကြားရေးပိုင်းကို ဘယ်လိုစီမံဆောင်ရွက်ထားလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။
ဖြေ- ဟုတ်ကဲ့ပါ၊ သင်ရိုးဟောင်းတွေ ဒီနှစ်မှာမရှိတော့ဘူးဆိုတော့ သင်ရိုးသစ်စနစ်အရ ကျောင်းသား၊ ကျောင်းသူများဟာ KG ကနေ G-12 ထိ ပညာသင်ကြားရမှာပါ။ ယခင်နှစ်က KG ကနေ G-7အထိ ကျောင်းသားတွေက သင်ရိုးသစ်ကို ထိတွေ့ပြီးသားဖြစ်ပါတယ်၊ ယခင်နှစ်က စနစ်ဟောင်း G-8 (ခ) G-9 ကျောင်းသားတွေကစပြီး G-10, G0-11, G-12ထိ ပညာသင်ကြားရမှာပါ၊ G-10 ကစပြီး သင်းရိုးသစ်ဖြစ် တဲ့ Bio တွဲ၊ Eco တွဲ၊ ဝိဇ္ဇာတွဲရိုးရိုး၊ ဝိဇ္ဇာတွဲဆိုပြီး လေးတွဲရှိပါတယ်၊ မိမိကြိုက်နှစ်သက်ရာ ဘာသာတွဲကို ရွေးချယ်ပြီးတက်ရမှာဖြစ်ပါတယ်၊ Bio တွဲမှာဆိုရင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ လူမှုရေးသိပ္ပံ(ပထဝီ၊ သမိုင်း၊ ဘောဂ)၊ Eco တွဲမှာဆိုရင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ၊ လူမှုရေးသိပ္ပံ(ပထဝီ၊ သမိုင်း)၊ ဝိဇ္ဇာတွဲရိုးရိုးဆိုရင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ၊ သိပ္ပံ(ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ)၊ ဝိဇ္ဇာတွဲဆိုရင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စိတ်ကြိုက်မြန်မာစာ၊ ဘောဂဗေဒ၊ လူမှုရေးသိပ္ပံ(ပထဝီ၊ သမိုင်း)၊ သိပ္ပံ(ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ)စတဲ့ ဘာသာရပ်တွေ သင်ကြားပို့ချမှာ ဖြစ်ပါတယ်၊ သင်ကြားရေး အနေနဲ့ကတော့ ဆရာ၊ ဆရာမတွေကို On Job Training တွေနဲ့ ယခုနွေရာသီကာလမှာ Grade-9 နဲ့ Grade -12 သင်တန်းတွေပေးပြီး ဆောင်ရွက်ခဲ့ပါတယ်။
မေး- ယခုနှစ်ပညာသင်နှစ်အတွက် ကျောင်းဖွင့်ရာသီမှာ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကျောင်းအပ် လက်ခံတဲ့ ကျောင်းအရေအတွက်နဲ့ လာရောက်အပ်နှံတဲ့ ကျောင်းသားအရေအတွက်ကို သိလိုပါတယ်။
ဖြေ- ဟုတ်ကဲ့ပါရှင်၊ ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကရင်ပြည်နယ်အတွင်းမှာဆိုရင် ဘားအံ ခရိုင် ဘားအံမြို့မှာ ကျောင်းပေါင်း (၄၇၂)ကျောင်းရှိပြီး လက်ရှိဖွင့်တဲ့ကျောင်းက (၄၄၉)ကျောင်းရှိပါ တယ်၊ မဖွင့်နိုင်တဲ့ကျောင်း(၂၃)ကျောင်းရှိပါတယ်၊ လက်ရှိကျောင်းအပ်လက်ခံမှုအနေဖြင့် အပ်နှံရမည့် ခန့်မှန်း အင်အားကတော့ မူလတန်းတွင် (၇၂၇၉၁)ဦး၊ အလယ်တန်းတွင်(၂၂၇၇၁)ဦး၊ အထက်တန်းတွင် (၇၅၂၀)ဦး ရှိပါတယ်၊ ၂၆ ရက်နေ့အထိမှာတော့ မူလတန်းတွင်(၅၃၈၁၀)ဦး၊ အလယ်တန်းမှာ(၈၇၄၉)ဦး၊ အထက်တန်းမှာ(၂၆၇၁)ဦး လာရောက်အပ်နှံနေပြီဖြစ်ပါတယ်၊ လှိုင်းဘွဲမြို့မှာ ကျောင်းပေါင်း(၃၃၃) ကျောင်းရှိပါတယ်၊ အပ်နှံရမည့်ခန့်မှန်း အင်အားကတော့ မူလတန်းတွင်(၄၅၀၂၃)ဦး၊ အလယ်တန်း တွင်(၈၄၆၉)ဦး၊ အထက်တန်းတွင် (၂၄၈၂)ဦး ရှိပါတယ်၊ ၂၆ ရက်နေ့အထိမှာတော့ မူလတန်း တွင်(၁၂၈၃၄၃)ဦး၊ အလယ်တန်းမှာ(၁၄၁၁၃)ဦး၊ အထက်တန်းမှာ(၉၂၇)ဦး လာရောက်အပ်နှံနေပြီ ဖြစ်ပါတယ်။
အလားတူ သံတောင်ကြီးခရိုင်အနေဖြင့် ကျောင်းပေါင်း(၂၆၀)ကျောင်းရှိပြီး လက်ရှိဖွင့်တဲ့ ကျောင်းက (၂၈)ကျောင်းရှိပါတယ်၊ မဖွင့်နိုင်တဲ့ကျောင်း(၂၃၂)ကျောင်းရှိပါတယ်၊ အပ်နှံရမည့်ခန့်မှန်း အင်အားကတော့ မူလတန်းတွင်(၁၇၂၃)ဦး၊ အလယ်တန်းတွင်(၆၇၅)ဦး၊ အထက်တန်းတွင် (၃၇၈)ဦး ရှိပါတယ်၊၂၆ ရက်နေ့ အထိမှာတော့ မူလတန်းတွင်(၁၄၈၇)ဦး၊ အလယ်တန်းမှာ(၄၀၃)ဦး၊ အထက်တန်း မှာ (၁၃၉)ဦး လာရောက်အပ်နှံနေပြီဖြစ်ပါတယ်။
ထို့အတူ ဖာပွန်ခရိုင်အနေဖြင့် ကျောင်းပေါင်း(၈၁)ကျောင်းရှိပြီး လက်ရှိဖွင့်တဲ့ကျောင်း(၄၈) ကျောင်းရှိပါတယ်၊ မဖွင့်နိုင်တဲ့ကျောင်း(၃၃)ကျောင်းရှိပါတယ်၊ အပ်နှံရမည့်ခန့်မှန်း အင်အားကတော့ မူလတန်းတွင်(၇၀၅၈)ဦး၊ အလယ်တန်းတွင်(၁၆၄၃)ဦး၊ အထက်တန်းတွင် (၅၅၈)ဦး ရှိပါတယ်၊ ၂၆ ရက် နေ့အထိမှာတော့မူလတန်းတွင်(၄၃၅၁)ဦး၊ အလယ်တန်းမှာ(၁၀၈၈)ဦး၊ အထက်တန်းမှာ (၃၀၉)ဦး လာရောက် အပ်နှံနေပြီဖြစ်ပါတယ်။
ကော့ကရိတ်ခရိုင်အနေဖြင့် ကော့ကရိတ်မြို့မှာ ကျောင်းပေါင်း(၂၉၆) ကျောင်းရှိပြီး လက်ရှိဖွင့် တဲ့ကျောင်း(၂၂၃)ကျောင်းရှိပါတယ်၊ မဖွင့်နိုင်တဲ့ကျောင်း(၇၃)ကျောင်းရှိပါတယ်၊ အပ်နှံရမည့်ခန့်မှန်း အင်အားကတော့ မူလတန်းတွင်(၃၀၆၄၉)ဦး၊ အလယ်တန်းတွင်(၇၆၈၁)ဦး၊ အထက်တန်းတွင် (၂၇၈၅) ဦး ရှိပါတယ်၊ ၂၆ ရက်နေ့အထိမှာတော့ မူလတန်းတွင်(၁၅၅၂၉)ဦး၊ အလယ်တန်းမှာ(၂၉၇၁)ဦး၊ အထက်တန်းမှာ(၇၆၉)ဦး လာရောက်အပ်နှံနေပြီဖြစ်ပါတယ်။
ကြာအင်းဆိပ်ကြီးခရိုင်အနေဖြင့် ကျောင်းပေါင်း(၂၉၈) ကျောင်းရှိပြီး လက်ရှိဖွင့်တဲ့ကျောင်းက (၁၆၁)ကျောင်းရှိပါတယ်၊ မဖွင့်နိုင်တဲ့ကျောင်း(၁၃၇)ကျောင်းရှိပါတယ်၊ အပ်နှံရမည့်ခန့်မှန်း အင်အားက တော့ မူလတန်းတွင်(၂၁၃၅၉)ဦး၊ အလယ်တန်းတွင်(၅၇၆၀)ဦး၊ အထက်တန်းတွင် (၂၃၄၁)ဦး ရှိပါတယ်၊ ၂၆ရက်နေ့အထိမှာတော့ မူလတန်းတွင်(၁၀၀၅၁)ဦး၊ အလယ်တန်းမှာ(၂၁၆၄)ဦး၊ အထက်တန်းမှာ (၇၂၂)ဦး လာရောက်အပ်နှံနေပြီဖြစ်ပါတယ်။
မြဝတီခရိုင်အနေဖြင့် ကျောင်းပေါင်း(၁၀၅)ကျောင်း ရှိပြီးလက်ရှိဖွင့်တဲ့ကျောင်းက (၈၅)ကျောင်း ရှိပါတယ်၊ မဖွင့်နိုင်တဲ့ကျောင်း(၂၀)ကျောင်းရှိပါတယ်၊ အပ်နှံရမည့်ခန့်မှန်း အင်အားကတော့ မူလတန်း တွင်(၂၉၆၁၀)ဦး၊ အလယ်တန်းတွင်(၇၁၇၇)ဦး၊ အထက်တန်းတွင် (၂၄၈၇)ဦး ရှိပါတယ်၊ ၂၆ ရက်နေ့ အထိမှာတော့ မူလတန်းတွင်(၂၀၄၉၅)ဦး၊ အလယ်တန်းမှာ(၃၅၀၂)ဦး၊ အထက်တန်းမှာ(၇၇၂)ဦး လာရောက် အပ်နှံနေပြီဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း လက်ခံဆောင်ရွက်ပေး နေပါတယ်။
မေး- ဟုတ်ကဲ့ပါဆရာမကြီး၊ နောက်တစ်ခုက ဆရာ၊ ဆရာမ အင်းအားအခြအနေလည်းသိလိုပါတယ်။
ဖြေ- ဆရာ၊ ဆရာမ အခြေအနေကတော့ ကျောင်းသားအင်းအားနဲ့ ဆရာ၊ ဆရာမအချိုးကတော့ အနည်းငယ်လိုအပ်တာပေါ့နော်၊ ယခုလက်ရှိအခြေအနေမှာ ဘားအံခရိုင်မှာဆိုရင် ထက်၊ လယ်၊ မူ ဆရာ၊ ဆရာမအင်အား(၄၄၆၅)ဦးရှိပါတယ်၊ ဖာပွန်ခရိုင်မှာတော့ ဆရာ၊ ဆရာမ(၃၆၂)ဦး၊ ကော့ကရိတ် ခရိုင်မှာတော့ ဆရာ၊ ဆရာမ(၁၄၈၃)ဦး၊ သံတောင်ခရိုင်မှာတော့ ဆရာ၊ ဆရာမ(၆၂၃)ဦး၊ ကြာအင်းဆိပ်ကြီးခရိုင်မှာတော့ ဆရာ၊ ဆရာမ(၁၇၇၀)ဦး၊ မြဝတီခရိုင်မှာတော့ ဆရာ၊ ဆရာမ(၇၃၄)ဦး၊ ပြောရမယ်ဆိုရင်တော့ ကျောင်းသားအရေအတွက်နဲ့ဆိုရင် ဆရာ၊ ဆရာမအင်းအားအနည်းငယ် လိုအပ် လျက် ရှိပါတယ်။
မေး- ဆရာမကြီးတို့ ကရင်ပြည်နယ်အနေဖြင့် ကျောင်းအပ်လက်ခံတဲ့အခါမှာ ကျောင်းသား၊ ကျောင်းသူ တွေအတွက် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်လေးနဲ့ နိုင်ငံတော်က ထောက်ပံ့ ပေးတဲ့ အခြေအနေလေးတွေကိုလည်း ပြောပြပေးစေလိုပါတယ်။
ဖြေ- ဟုတ်ကဲ့ပါ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်ကတော့ ကျောင်းနေအရွယ်ရောက်တဲ့ ကလေးတိုင်းကို ကျောင်းအပ်နိုင်ရေးနဲ့ မည်သည့်အကြောင်းပြချက်နဲ့မှ ငွေကြေးကောက်ခံခြင်း မပြုလုပ်ရပါဘူး။ နိုင်ငံတော်အနေဖြင့် ယခုနှစ်ပညာသင်နှစ်မှာဆိုရင် မူလတန်းအဆင့်ဆိုရင်ဖတ်စာအုပ်(၁)စုံ၊ ကျောင်းသုံး ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ(၄)ချောင်းနှင့် ကျောင်းဝတ်စုံ(၁)စုံ ထောက်ပံ့ပါတယ်၊ အလယ်တန်း အဆင့်နှင့် အထက်တန်းအဆင့်ဆိုရင်လည်းဖတ်စာအုပ်(၁)စုံ၊ ကျောင်းသုံးဗလာစာအုပ် (၁) ဒါဇင်၊ ခဲတံ (၂)ချောင်း၊ ဘောပင် (၂) ချောင်းထောက်ပံ့ပေးပါတယ်။
မေး-ဟုတ်ကဲ့ပါ၊ ဆရာမကြီးအနေနဲ့ ဖြည့်စွက်ပြောကြားလိုသည်များရှိရင် ပြောကြားပေးစေလိုပါတယ်။
ဖြေ- ကျွန်မတို့ ကရင်ပြည်နယ်မှာ စက်မှု၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအထက်တန်းကျောင်း အနေနဲ့ ဘားအံခရိုင်၊ ဘားအံမြို့နယ် အ-ထ-က (ဒုံးရင်း) ကျောင်းမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး အထက်တန်း ကျောင်း၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်မှာ အ-ထ-က (၂) (ကော့ကရိတ်)မှာ စက်မှု၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး အထက်တန်းကျောင်းဆိုပြီး ကျောင်း(၂) ကျောင်းကို ၂၀၂၃-၂၀၂၄ ယခု ပညာသင်နှစ်မှာ ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ မိမိဝါသနာပါရာ ဘာသာရပ်တွေကို ကျောင်းတွေမှာ တက်ရောက်သင်ကြားနိုင်ပါတယ်။ နိုင်ငံတော် အနေနဲ့ လစဉ် ကျပ် ၁၀၀၀၀/- (တစ်သောင်း) ထောက်ပံ့ပေးဖို့ အစီအစဉ်ရှိပါတယ်။ ယခုပညာသင် နှစ်မှာ ထူးခြားမှုအနေနဲ့မိဘများက မိမိတို့သားသမီးများကို အသက်မွေးဝမ်းကျောင်းပညာ သင်ကြားစေရင် စက်မှု၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး အထက်တန်းကျောင်းတွေမှာ တက်ရောက် သင်ကြားနိုင်ကြောင်း အသိပေးတိုက်တွန်းလိုပါတယ်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ရန်အတွက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှုအခြေအ နေများနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခဲ့ရာ အထက်ပါအတိုင်း တာဝန်ရှိသူက ပြန်လည်ဖြေကြားခဲ့ပါ သည်။ ကရင်ပြည်နယ်တွင် ဖွင့်လှစ်နိုင်သည့် ထက်၊ လယ်၊ မူ အခြေခံပညာကျောင်းပေါင်း(၁၃၀၄) ရှိပြီး ထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူပေါင်း ခန့်မှန်းအင်အား (၂၈၀၉၄၀)ဦး ရှိသည့်အနက် ၂၆-၅-၂၀၂၃ ရက်နေ့ အထိ ကျောင်းသား၊ ကျောင်းသူပေါင်း(၁၆၃၃၆၅)ဦး လာရောက်အပ်နှံလျက်ရှိရာ ရာခိုင်နှုန်းအားဖြင့် (၅၈) ရာခိုင်နှုန်းရှိပြီး ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
တွေ့ဆုံမေး/မြန်း-ဒေါ်ခက်ခက်လွင်(ဦးစီးအရာရှိ၊ ပြန်/ဆက်)
ဓာတ်ပုံ- စောမျိုးမင်းသိန်း