ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ ငုဝါလမ်းတွင် အုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ပိုင်ကျုံ မေ ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှတ်(၂)ရပ်ကွက် ငုဝါလမ်း‌ပေါ်ရှိ လမ်းဘေးဝဲယာတွင် အုတ်စီ ရေမြောင်း တည်ဆောက်ခြင်းကို မေလ ၂၅ ရက်နေ့က စတင်အ‌ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေ ကျပ်(၃၄.၀၉)သန်းဖြင့် အရှည် ၇၀၀ပေ၊ အကျယ် ၂ပေ၊ အမြင့် ၃ပေရှိပြီး လုပ်ငန်းများသတ်မှတ် အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများပြီးစီးပါက မြို့သာယာလှပ‌လာမည့်အပြင် ရေစီးရေလာကောင်းမွန်လာမည်ဖြစ်ပြီး ဒေသ‌နေပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အညီ လူနေမှုဘဝနှင့်သွား‌ရေးလာ‌ရေးအတွက် အဆင်ပြေလာမည် ဖြစ်ကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)