သပိတ်ကျင်း မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် စပ္မါယ်နဂိုရ်ကျေးရွာအုပ်စု၊ အုံးပိုင်ကျေးရွာတွင် မေလ(၂၄)ရက်မွန်းလွဲ (၁)နာရီက လေပြင်းများတိုက်ခတ်ခဲ့သဖြင့် လူနေအိမ်(၂၅)လုံးနှင့် (အ.ထ.က-ခွဲ) စာသင်ကျောင်းတစ်ကျောင်း အမိုးများလန်ကာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန်များ သေကြေထိခိုက်မှုမရှိကြောင်းသိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်ကျေးရွာသို့ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှု ကူညီဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည့်ကူညီထောက်ပံ့မှုများ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၂၅)လုံးနှင့်စာသင်ကျောင်းတို့အား အဆင်ပြေစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ အမြန်ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)