ရေစကြိုမြို့ပေါ်တွင် လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လျှပ်စစ်ဓာတ်တိုင်များနှင့် သစ်ပင်ကြီးများလဲကျ

ရေစကြို မေ ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်ရပ်ကွက်များအတွင်းတွင် ယနေ့ညနေ ၄ နာရီဝန်းကျင်ခန့်က လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လျှပ်စစ်ဓာတ်အားပေးတိုင်များနှင့် သစ်ပင်ကြီးများလဲကျပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြစ်ပွားရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ကြီးကြပ်စီမံမှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အများပြည်သူများသွားလာကြသည့် လမ်းမကြီးများပေါ်တွင်လဲကျနေသည့် သစ်ပင်ကြီးများနှင့် လူနေအိမ်ပေါ်တွင်လဲကျနေသည့် သစ်ပင်ကြီးများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိပြီး၊ လျှပ်စစ်ဓာတ်အားပေးတိုင်များအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လျှပ်စစ်ကြောင့်အများပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် လဲကျနေသည့်လျှပ်စစ်ဓာတ်အားပေးတိုင်များနှင့် ဓာတ်အားပေးလိုင်းများအားရှင်းလင်းခြင်း၊ ပြည်သူများဓာတ်အားသုံးစွဲမှုအမြန်ရရှိစေရေးနှင့် လျှပ်စစ်ဓာတ်အားပျက်တောက်မှု မရှိစေရေးအတွက် ဓာတ်အားပေးလိုင်းများအား ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

မောင်လုလင်(ရေစကြို)