မိုင်းရယ် မေ ၂၆
မိုင်းရယ်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နေ့လည်(၁၂)နာရီက ကျေးရွာများအရောက် ဆောင်ရွက်ပါသည်။
မိုင်းရယ်မြို့နယ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် ကော်မတီ၀င်ဌာနဆိုင်ရာများမှ တတိယအကြိမ် နိုင်ငံ့စီးပွားစီမံကိန်းရန်ပုံငွေဖြင့် ၁၉ ဧက မိုးစပါးစိုက်ပျိုးမည့် နားခိုကျေးရွာရွာအုပ်စု၊ နားခိုကျေးရွာ၊ ဖိုင်နားခို အစုအဖွဲ့နှင့် ၂၇ ဧက မိုးစပါးစိုက်ပျိုးမည့် ရွှေမိုင်းရယ် မိုးစပါးစိုက်ပျိုးရေးအစုအဖွဲ့မှ စပါးမျိုးနှင့် မြေဩဇာစုဆောင်းထားရှိမှုအခြေအနေနှင့် ပထမအကြိမ် နိုင်ငံ့စီးပွားစီမံကိန်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၁.၀၀ ဖြင့် ဆောင်ရွက်ထားရှိသည့် လင်းလက်ကြယ်၀က်မွေးမြူရေး အစုအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ထားရှိ အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းရယ်ပြန်/ဆက်