ကျောက်ကြီး မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ခြေတုအသေးစား ပြင်ဆင်ခြင်းလုပ်ငန်းကိုနေ့ချင်းပြီး “အခမဲ့” ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းအား ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး မင်းမြတ်ဘုန်း စီမံမှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်ရေးဌာနသို့ ခြေတုအသေးစားပြင်ဆင်နိုင်ရေး သင်တန်းသွားရောက် တက်စေပြီး ကျောက်ကြီးမြို့နယ်အတွင်း ကိုယ်အင်္ဂါချို့ တဲ့နေသူများ မိုင်းဒဏ်ခံရသူများ ခြေတုရရှိရေး၊ ခြေတုအသေးစားပြင်ဆင် ဆောင်ရွက်နိုင်ရေးလုပ်ငန်းအား စနေနေ့တိုင်း မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ နံနက် ၉ နာရီအချိန်တွင် “အခမဲ့” ဆောင်ရွက် ပေးနေကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် ခြေတုတပ်ဆင်ထားသူ အယောက်(၄၀၀) ကျော်ခန့်ရှိကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှသိရပြီး ခြေတုလာရောက်ပြုပြင်သူများအား ခြေဖဝါး၊ ခြေအိပ်၊ ခါးပတ်ကြိုးများအား အခမဲ့ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်