ဂန့်ဂေါ မေ ၂၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၈)နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဂန့်ဂေါမြို့သာသနာ့ဗိမာန်တော်ကြီးဝန်းအတွင်းတွင် သန့်ရှင်းရေးလုပ်ငန်းများကို ဌာနဆိုင်ရာများစုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍ သာသနာ့ဗိမာန်တော်ကြီးဝန်းအတွင်းရှိ ပေါင်းပင်/မြက်ပင်များ ရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းများအား စုပေါင်း၍ သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ ဂန့်ဂေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)