ဟုမ္မလင်း မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းများ သန့်ရှင်းသာယာ လှပရေးအတွက် ခိုပဲဝရပ်ကွက်ရှိ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် (၇)နာရီက ပြည်သူအကျိုးပြုလုပ်ငန်း အပတ်စဉ်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/မများ စုပေါင်း၍ ကျောင်းဝင်းအတွင်း/အပြင်အမှိုက်များကောက်ခြင်း၊ မြက်များ၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ၊ ရှင်းလင်းခြင်းများ၊ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)