ညောင်ဦး မေ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် နတ်ပလင်ကျေးရွာသို့ ဝေမျှခြင်း ပရဟိတမိသားစုက မေ ၂၇ ရက်၊ နံနက် ၉ နာရီအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံသွားရောက် လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် အေးမေတ္တာရေအလှူ တော်အသင်းတာဝန်ရှိခံ ဦးဝင်းမင်းထွန်းထံက သိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းများသို့ သောက်သုံးရေ အလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းက သွားရောက် လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း ညောင်ဦးမြို့နယ် နတ်ပလင်ကျေးရွာသို့ ဝေမျှခြင်းမိသားစုက သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက် လှူဒန်းခဲ့ကြောင်း သိရသည်။
ဒီပါလင်း