ကျိုက်ထို မေ ၂၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(ရွှေဥဩကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ဘက်စုံကိုရည်တို့ လှမ်းချည် “သီချင်းဖြင့် သီဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး၊ မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက ကျောင်းနေအရွယ်ကလေးတိုင်းကျောင်း နေနိုင်ရေး၊ အကြောင်းကြောင်းကြောင့် စာသင်ကျောင်းနှင့်အလှမ်းကွာနေကြသူများအား စာသင်ခန်းအတွင်းရောက်ရှိအောင် စည်းရုံးဆောင်ရွက်ကြရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေး အပ်သော ကျောင်းသုံးပြဌာန်းပုံနှိပ် စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများအား မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကပေးအပ်ခဲ့ရာ ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အသီးသီးလက်ခံခဲ့ကြသည်။
ထို့နောက် အလှူရှင်များအားဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ပြီး PHOO ကိုယ်ပိုင်အထက် တန်းကျောင်းမှ ကျောင်းသူများက “မင်္ဂလာပါ”သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့သည်။ အခမ်းအနားသို့ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ / ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုပြန်/ဆက်