ကလောမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်၊ မြို့နယ်အဆင့် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

ကလော မေ  ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းများ မကြာမှီ ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းသား၊ကျောင်သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၇ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာအဖွဲ့၊ ကလောတပ်နယ်အရာရှိ စစ်သည်နှင့် မိသားစုဝင်များ၊ လူမှူရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

ထို့သို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာနေရာသို့ ကလောတပ်နယ်ကျောင်းအုပ်ကြီးနှင့် အဖွဲ့ဝင်များက ကလောခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲနှင့် ဝန်ထမ်းများ၊ ကလောတပ်နယ်အရာရှိ စစ်သည်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းဝန်းအတွင်း၊အပြင်ရှိ ချုံနွယ်၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းနေမှုကို ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)