ပုဗ္ဗသီရိ မေ ၂၈
ပုဗ္ဗသီရိမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပုဗ္ဗသီရိမြို့နယ်ရုံးဦးစီးမှူးရုံးအနေဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ပြည်သူများအား နိုင်ငံသားစိ စစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ယနေ့တွင် မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းနှင့် ဝန်ထမ်းများက ရွာတော်ကျေးရွာအတွင်းရှိ သန္တိတသုခဓမ္မာရုံ၌ ပြည်သူ ၄၁ ဦးကို နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပြည်သူများမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်လိုပါက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ချိတ်ဆက်၍ မြို့နယ်ရုံးသို့ လာရောက် ပြုလုပ်နိုင်ကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)