ဖြူးမြို့နယ်​၌ စိုက်ပျိုးရေးကဏ္ဍ၊  မွေးမြူရေးကဏ္ဍနှင့် (MSME)ကဏ္ဍများအတွက် နိုင်ငံ့စီးပွား​မြှင့်တင်​ရေး ရန်ပုံ​ငွေပေးအပ်

ဖြူး မေ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ဖြူးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် အသေးစားလုပ်ငန်း (MSME)ကဏ္ဍများအတွက် နိုင်ငံစီးပွား​မြှင့်တင်​ရေးရန်ပုံ​ငွေ​ပေးအပ်ပွဲကို ယမန်​နေ့နံနက် (၁၁)နာရီ အချိန်က မြို့နယ်​အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချထားပေးရာတွင် စိုက်ပျိုးရေးကဏ္ဍအတွက် (၂၂၀၀)သိန်းကို မိုးစပါးစိုက်ပျိုးရန်လည်းကောင်း၊ မွေးမြူရေးကဏ္ဍအတွက် (၁၅၀) သိန်းကို  အသားတိုးကြက်မွေးမြူရန်လည်းကောင်း၊    အသေးစားလုပ်ငန်း (MSME) ကဏ္ဍ အတွက် (၈၀)သိန်းကို ပဲမွကြော်လုပ်ငန်းနှင့် ပဲချောင်းလုပ်ငန်းတို့အတွက်လည်ကောင်း စုစုပေါင်း(၂၄၃၀)သိန်းကို အတိုး (၀.၅)%ဖြင့် (၆)လတစ်ကြိမ် မြို့နယ်နိုင်ငံစီးပွား​မြှင့်တင်​ရေးလုပ်ငန်းအဖွဲ့ထံသို့ ​ပေးသွင်းပြီး(၁၂)လအတွင်း​ ချေး​ငွေအရင်းနှင့် အတိုး​ပေါင်းပြီး တစ်လုံးတည်း ပေးဆပ်ရမည်ဖြစ်​ကြောင်း အဆိုပါ နိုင်ငံစီးပွား မြှင့်တင်ရေး ရန်ပုံငွေပေးအပ်ပွဲမှ သိရသည်။

အဆိုပါပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစောမင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ် နိုင်ငံ့စီးပွား​မြှင့်တင်​ရေးလုပ်ငန်းအဖွဲ့ဝင်များ၊ ကျေးရွာ နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ တက်ရောက်၍ ထုတ်ချေးနိုင်ခွင့်ရှိသူများအားစိစစ်၍ တစ်ဦးစီကို ပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)