ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသစ်ဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

ညောင်တုန်း မေ ၂၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးသိန်းစိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ်သို့ ရောက်ရှိလာရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဝန်ထမ်းများ၊ ရုံးဆောက်လုပ်ရေး ကုမ္ပဏီတာဝန်ရှိသူ တို့မှကြိုဆိုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် တာဝန်ရှိသူများသည် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် ရုံးပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ ရုံးဆောက်လုပ်ရေး ကုမ္ပဏီတာဝန်ရှိသူမှ ရုံးသစ်ဆောက်လုပ်ထားရှိမှုအခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)