စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် မုံရွာမြို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခြင်းနှင့် မုံရွာမြို့နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်ပြီးစီးမှုလိုက်လံကြည့်ရှု စစ်ဆေး

မုံရွာ မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်စေရေး၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့်ပညာသင်ကြားနိုင်ရေးနှင့် မိုးရာသီရောက်ရှိလာပြီဖြစ်ရာ ခြင်များမပေါက် ပွားနိုင်စေရေးတို့အတွက် သန့်ရှင်းရေးလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း-အလုံတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့်ဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက် ဖွယ် ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်း အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သင်ကြားမည့် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသင်တန်းကျောင်း တည်ဆောက်ပြီးစီးမှုနှင့် သင်ကြားရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရန်အတွက် အရှေ့ဘက်ကန်သာယာကန်၊ အနောက်ဘက်ကန်သာ ယာကန်နှင့် လယ်တီကန် စုစုပေါင်းအကျယ်- ၂၅၆.၈၈ ဧက၊ အနက်- ၁၁ ပေရှိ စုစုပေါင်းရေဂါလံ - ၆၉၀.၃၀၃ သန်း သိုလှောင်နိုင်သည့် ရေစုကန်များအား နွေရာသီတွင် ရေပြက်လပ်မှုမရှိစေရေးတို့အတွက် အနောက်ဘက်ကန်သာယာကန်အတွင်း ချင်းတွင်းမြစ်မှရေတင်ကာ ဆိုလာ ချပ်လျှင် - ၅၄၅ ဝပ်၊ ဆိုလာချပ်ရေ-၁၈၀ ချပ်မှ စုစုပေါင်း - ၁၀၀ ကီလိုဝပ်ထွက်ရှိမည့် ဆိုလာချပ်များ တပ်ဆင်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွေ့ကြီးရပ်ကွက်ရှိ ရေစုကန် - ၁၆ ကန်၊ စုစုပေါင်းအကျယ် - ၄၄.၂၉ ဧကအား ပြန်လည်တူးဖော်၍ တာဘောင်ဖို့ခြင်း၊ မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ရေသိုလှောင်နိုင်သည့်ပမာဏ ရေဂါလံ- ၆၀.၂၉ သန်းအား နွေရာသီရေခမ်းခြောက်သည့်ကာလတွင် မြေအောက်ရေအား ပိုမိုစုဆောင်းထားရှိနိုင်ရန်နှင့် နွေရာသီတွင်ရေပြတ်လပ်မှုမရှိစေရေးအတွက်  ချင်းတွင်းမြစ်မှရေတင်ကာ အဆိုပါရေစုကန်များအတွင်း ဆိုလာ ချပ်လျှင်- ၅၄၅ ဝပ် ဆိုလာချပ်ရေ- ၉၀ ချပ်မှ စုစုပေါင်း - ၅၀ ကီလိုဝပ် ထွက်ရှိမည့် ဆိုလာချပ်များ တပ်ဆင်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွေ့ကြီးရပ်ကွက်ရှိ ရေစုကန် -၁၆ ကန်အတွင်း ချင်းတွင်းမြစ်မှ ဆိုလာစနစ်ဖြင့် ထပ်ဆင့်ရေတင်စက်ရုံ တည်ဆောက်မည့်နေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)