ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာန၌ Power Point အသုံးပြုနည်း သင်တန်းဖွင့်လှစ်

ကန့်ဘလူ မေ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ လုပ်ငန်းအစီရင်ခံစာများ ရေးသားရာတွင်လည်းကောင်း၊ တင်ပြချက်များ ပြုလုပ်ဆောင်ရွက်ရာတွင်လည်းကောင်း ပိုမိုလွယ်ကူ အဆင်ပြေစေရေး ရည်ရွယ်ကာ Power Point အသုံးပြုနည်းသင်တန်းကို မေ ၂၇ ရက်နေ့ နံနက် ၁၁ နာရီက ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားပြီး သင်တန်းနည်းပြဆရာ ဦးမျိုးကိုကိုအောင်က သင်တန်းတွင် သင်ကြားမည့် ဘာသာရပ် များနှင့် ပတ်သက်၍ ရှင်းလင်းပြေားကြားခဲ့သည်။

သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၆ ဦး တက်ရောက်ပြီး သင်တန်းကာလ မေ ၂၇/၂၈ ရက် တို့တွင် အစီရင်ခံစာပြုလုပ်နည်း၊ Photo Shop၊ နောက်ခံဘက်ဂရောင်းပြောင်းနည်း၊ ဇယားဆွဲနည်းနှင့် ဒီဇိုင်းရွေးနည်း(ပြောင်းနည်း)များကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)