ရွှေတောင်မြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ခုနှစ် နွေစပါးစံပြကွက်ရိတ်သိမ်းပွဲအခမ်းအနားကျင်းပ

ရွှေတောင် မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မင်းကွန်းကျေးရွာအုပ်စု၊ အင်ကြင်းစင်ကျေးရွာ၊ ကွင်းအမှတ်(၄၀၂B)(အင်ကြင်းစင်ကွင်းရှိ) တောင်သူဦးကျော်လွင်စိုက်ပျိုးထားရှိသော ၂၀၂၂-၂၀၂၃ ခုနှစ်နွေစပါး စံပြကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်/ကြပ်ကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ စုစုပေါင်းအင်အား (၈၃)ဦးခန့်တက်ရောက်ခဲ့ကြပြီး တစ်ဧကလျှင်အစိုအထွက်တင်း(၁၃၀.၄၃)တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)