မိုးမိတ် မေ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးနှင့် တာဝန်ရှိသူများက မီးဘေးသင့်မှု ဖြစ်ပွားခဲ့သော မြောက်ပိုင်းရပ်ကွက်နေ ဦးကျော်သူရဦး၏ နေအိမ်သို့ ယနေ့ နံနက် ၁၀ နာရီအချိန်က ရိက္ခာနှင့်ထောက်ပံ့ငွေ များကို အိမ်တိုင်ရာရောက် သွားရောက်၍ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အိမ်သည် မေလ ၂၅ ရက်နေ့၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ပျက်စီးဆုံးရှုံးမှုများတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးက ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး၊ ဆန်ရိက္ခာ (၇)ရက်စာအတွက် ထောက်ပံ့ငွေ (၂၁၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေ (၂၀၀၀၀၀)ကျပ် တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ အိမ်ရှင်ဖြစ်သူက လက်ခံရယူခဲ့သည်။
သဘာဝေဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးသို့လာရောက် ဆက်သွယ်နိုင်ပါကြောင်းနှင့် ထောက်ပံ့ပေးအပ် နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
မိုးမိတ်သား(ခရိုင်ပြန်/ဆက်)