မိုးနဲမြို့နယ်၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်း

မိုးနဲ  မေ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲကို နာဟောင်ရပ်ကွက် ဆုတောင်ပြည့် ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ဩဝါဒါ စရိယ ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော်ထံမှ ဩဝါဒ ခံယူတော်မူခဲ့ကြပြီး ၂၀၂၃ ခုနှစ် မတ်လမှ မေလ ၁၁ ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့သော အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုတွင် တက်ရောက်သူ ၁၅၆ ဦးနှင့် အင်္ဂလိပ်စာသင်တန်းတွင် တက်ရောက်သူ ၇၅ ဦးတို့အား သင်တန်းဆင်းလက်မှတ်နှင့် ဆုတံဆိပ်များကို မြို့နယ် ရှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများက တစ်ဦးချင်းစီ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)\