မော်လမြိုင်ကျွန်း၊ မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအထူးအရာရှိ ဗိုလ်မှူးချုပ်မျိုးဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မေလ ၂၅ ရက် ယနေ့နံနက် (၉) နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မော်ဧရာ ခန်းခ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ဒေသဖွံ့ဖြိုးရေးအထူးအရာရှိဗိုလ်မှူးချုပ်မျိုးဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်၊ အဖွဲ့ဝင် (၂) ဦးတင်လှိုင်၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူးဦးမင်းဇော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စီးပွားရေးလုပ်ငန်းများရှင်များ၊ စုစုပေါင်း (၁၆၈) ဦးတက်ရောက်ခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေးအထူးအရာရှိဗိုလ်မှူးချုပ် မျိုးဦးက အဖွင့်မှာစကားပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ စီးပွားရေးလုပ်ငန်းရှင်များကဒေသဖွံ့ဖြိုးရေးကိစ္စနှင့်ပက်သတ်၍ သိရှိလိုသည်များကို သက်ဆိုင် ရာဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)