ကျောက်တံခါး မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ-ထ-က (ဖဒို)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသားသီချင်းဖြစ် သီဆိုဖွင့်လှစ်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်ပုဒ်ဖြစ်သည့် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေး မဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ " ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်စေရေးအတွက် နိုင်ငံတော်မှ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံတို့ကို အခမဲ့ထောက်ပံ့ပေးလျှက်ရှိကြောင်း၊ ဆရာ၊ဆရာမများနှင့် မိဘအုပ်ထိန်း သိမ်းသူများအနေဖြင့် မိမိပတ်ဝန်းကျင်ရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံကြ စေရေး စည်းရုံးဆောင်ရွက်စေလို ကြောင်းများကို ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဖဒိုမြို့ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်ကော်မတီဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)