တန့်ယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

တန့်ယန်း မေ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းစေရန်၊ ရာသီဉတုမျှတစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၃ ခု မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲက ကွင်းအမှတ် ၁/၂၀၀၃ (စီးပွားရေး) ထင်းရှူးစိုက်ခင်း၌ ကျင်းပသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက ခရိုင်နှင့်မြို့နယ်တို့မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များဖြစ်ကြသည့် မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ပြည်သူများအား သစ်ပင်ပျိုးပင်များကို ပေးအပ်ကြပြီး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြသည်။

၂၀၂၃ ခု မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ထင်းရှူး ၁၀၀ ပင်၊ ရေသင်းဝင် ၁၀၀ ပင်၊ မယ်ဇလီ ၁၀၀ ပင်၊ ခါတော်မီ ၁၀၀ ပင်၊ ချယ်ရီ ၁၀၀ ပင် စုစုပေါင်း (၅၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။                                                                                           

မင်းလွင်ဦး(ပြန်/ဆက်)